Short announcement


Applications are now open for flood victim students from Pakokku, Sinbyugyun and Seit Phyu towns

We would like to offer our donations for those students who are flood victims in Pakokku, Sinbyugyun and Seit Phyu towns. The students can directly apply for the scholarship by emailing to admin@seitmeeain.net. For application requirements, please see
http://www.seitmeeain.net/application-requirements.


One application is now open. Applicants who meet the following criteria can apply for SSP scholarship now.

(i) Applicant must be an orphan and currently residing in Burma/Myanmar.
(ii) Applicant must be currently conducting undergraduate engineering course in GTUs or a fresh matriculation graduate who will be joining undergraduate engineering degree in one of GTUS.
(iii) Applicant who is doing computing courses may also apply. However, priority will be given to engineering student in case there is more than one applicaiton.



Pleae send your application to admin@seitmeeain.net.

Date of Issue: 2011-09-05 [MON]
နည်းပညာတက္ကသိုလ် အင်ဂျင်နီယာ ကျောင်းသားတစ်ယောက်အတွက် တစ်လထောက်ပံ့ငွေ ကျပ် ၃, ၅၀၀၀ ခန့် ကုန်ကျပါသည်။ စိတ်ပါဝင်စား၍ ထောက်ပံ့လိုသူများ ဆက်သွယ်ကြပါရန်။

ကျောင်းသားတစ်ယောက်ချင်းအတွက် တာဝန်မယူလိုပါကလည်း မိမိ စေတနာရှိသလောက်လည်း ပါဝင် လှူဒါန်းနိုင်ပါသည်။

Only an amount of 3,500 MYK (= 58 SGD = 48 USD)
is required to support a university level engineering student in Myanmar. If you are interested in supporting one, please contact us.

If you do not want to support student by student basis, you can still contribute whatever amount of donation to us.

Thursday, January 5, 2012

"SSPကို နည်းပါးသော အလှူငွေများဖြင့် ပေါင်းစပ် ဖွဲ့စည်းကြပါစို့"

ခိုင်မြဲရေ…

စိတ်ဝင်တစားနဲ့ အကြံဥာဏ်ပေး၊ စဉ်းစားပေးတဲ့အတွက် ကျေးဇူးတင်တယ်ဗျာ… တခြားအလှူရှင်တွေ SSPကိုဝင်ရောက်လည်ပါတ်တဲ့သူတွေရဲ့ အကြံဥာဏ်တွေ၊ မှတ်ချက်တွေကိုလည်း တန်ဖိုးထားပါတယ်။ လွတ်လွတ်လပ်လပ်၊ ပွင့်ပွင့်လင်းလင်း မှတ်ချက်ပေးဖို့အတွက်လည်း တလေးတစားနဲ့ ဖိတ်ခေါ်အပ်ပါတယ်။

ခိုင်မြဲ ခင်ဗျာ့ပေးတဲ့အကြံဥာဏ်ကြောင့် အစက လစဉ် (၁၅၀၀)ကျပ်လှူမယ်ဆိုတဲ့ အလှူရှင်တဦးကတော့ အခု (၂၀၀၀)ကျပ် ပြောင်းလှူသွားပြီဗျာ.. အနတ္တတောင် ခရီးလွန်ပြီး မဖတ်ဖြစ်သေးခင်ကတည်းကလေ။

အလှူရှင်တွေအားလုံး သိပြီးကြတဲ့အတိုင်း SSP ကအလှူငွေကို အပိုင်းသုံးပိုင်းခွဲခြားထားပြီး လက်ခံနေပါတယ်။

(၁) ကျောင်းသားတစ်ယောက်စီကို အလှူရှင်တစ်ဦးစီက ငွေကြေးပိုင်းတာဝန်ယူပြီး လှူတဲ့အလှူ

(၂) မိမိတို့အဆင်ပြေသလို လစဉ်ငွေပမာဏတစ်ခုသတ်မှတ်ပြီးတော့ လှူတဲ့အလှူ

(၃) လစဉ်ငွေပမာဏ တသတ်မှတ်ထဲမဟုတ်ဘဲနဲ့ မိမိအဆင်ပြေသလောက်ကို အဆင်ပြေသလို လှူတဲ့အလှူ စသဖြင့် သုံးမျိုးပေါ့

(၁) ကျောင်းသားတစ်ယောက်စီကို အလှူရှင်တစ်ဦးစီက တာဝန်ယူတဲ့ အလှူမှာ အလှူရှင်ရော၊ ကျောင်းသားပါ SSP ရဲ့သတ်မှတ်ချက် စည်းကမ်းအတိုင်း လိုက်နာကြရမှာဖြစ်တဲ့အတွက် ကျောင်းသားအတွက် ပိုပြီးအကျိုးရှိမှာပါ။ နောက်ဆုံး မိဘက သားသမီးကို ကျောင်းထားတာတောင်မှ SSP ကနေထားမယ်ဆိုရင် သက်ဆိုင်ရာ ဘာသာရပ်အလိုက် ဆရာ၊ဆရာမတွေ၊ ဌာနမှူးတွေကို SSP က မေတ္တာရပ်ခံ အကူအညီ တောင်းထားတဲ့အတွက် ကျောင်းသားရဲ့ ပညာရေးပိုင်းကို အခမဲ့ ဂရုစိုက်မှုရရှိမှာ ဖြစ်ပါတယ်။

(၂) မိမိတို့အဆင်ပြေသလို လစဉ်သတ်မှတ်ငွေပမာဏတစ်ခုတည်းထားတဲ့ လှူအတွက် ခိုင်မြဲပြောသလို တစ်ယောက်ကို (၂၀၀၀)ကျပ် သို့မဟုတ် (၃၀၀၀)ကျပ် သတ်မှတ်ပြီး လှူကြမယ်ဆိုရင်တော့ အားလုံးအတွက် အရမ်းကောင်းတဲ့အစီအစဉ်ပေါ့။ အနတ္တကတော့ သဘောတူပါတယ်။ တခြားအလှူရှင်တွေရဲ့ဆန္ဒကတော့ ဘယ်လိုနေမလဲတော့ မသိသေးဘူး။ ဒါပေမယ့် လောလောဆယ်တော့ အလှူရှင်တွေရဲ့ လွတ်လပ်တဲ့ဆန္ဒ အတိုင်းသာ လစဉ်အလှူခံသွားမယ်။ အနတ္တ ဆန္ဒအရတော့ ခိုင်းမြဲတို့ဆီရော တခြားအလှူရှင်တွေဆီရော ပို့ထားတဲ့ အလှူရှင်စာရင်းမှာပါတဲ့သူတွေဆီက အလှူငွေကို အဓိကထားပြီး အလှူခံတာမဟုတ်ပါဘူး။ စေတနာကို အဓိကထားပြီး အလှူခံတာပါ။ ဘာဖြစ်လို့လဲဆိုတော့ ဝင်ငွေရှိတဲ့သူ မည်သူမဆို တစ်လကို ကျပ်ငွေ တစ်ထောင်၊နှစ်ထောင်လောက်တော့ သိပ်ပြီး အပန်းမကြီးနိုင်လောက်လို့လေ။ အဲဒီတော့ သူတို့အသီးသီးရဲ့ပါတ်ဝန်းကျင်မှာရှိတဲ့ မအားလပ်တဲ့သူတွေကို စေတနာထား လက်ဆင့်ကမ်းပြီး အလွယ်တကူ အလှူငွေထည့်ဝင်နိုင်အောင် အကူအညီပေးမယ်၊ ရှင်းပြပေးမယ်ဆိုရင် အမှန်တကယ်အခက်အခဲဖြစ်နေတဲ့ ပညာတတ်သင့်ရဲ့သားနဲ့ ပညာရေးတပိုင်းတစနဲ့ရပ်တန့်သွားရမယ့် ကျောင်းသူ၊ကျောင်းသားတွေအတွက် ပိုပြီးအကျိုးဖြစ်ထွန်းနိုင်လို့ပါ။

(၃) လစဉ်တသတ်မတ်တည်းမဟုတ်ဘဲနဲ့ အဆင်ပြေသလိုလှူတဲ့အလှူတွေကို (ခိုင်မြဲစကားနဲ့ပြောရရင် ငွေပဒေသာပင်အလှူရှင်) ဆိုပြီးသတ်မှတ်ထားရတာက အနတ္တတို့ ရွှေပြည်တော်ကြီးက သိတဲ့အတိုင်းပဲ ခိုင်မြဲတို့ စ လုံး မှာလို ဘဏ်စနစ်တွေက ထိုင်ရာမထအလုပ်လုပ်လို့မရသေးတဲ့အပြင် တချို့မြို့တွေမှာတောင် ဘဏ်မရှိသေးတဲ့အခြေအနေဆိုတော့ အဆင်ပြေသလိုလှူတန်းမှုကို လက်ခံမှ ပိုပြီးအဆင်ပြေနိုင်လို့ပါ။

ခိုင်မြဲရေ…

အနတ္တ အီးမေးလ်မှာတွဲပို့လိုက်တဲ့သူ (လူ ၃၀ ခန့်)က အနတ္တအပေါ်မှာပြောသလိုပဲ Key Donors အဖြစ် သူတို့ရဲ့ စေတနာကိုအဓိကထားပြီး အလှူခံမယ်ဆိုပြီး အနတ္တစိတ်ကူးထားတဲ့သူတွေပါ။ နောင်ဆိုရင် ဒိထက်အဆတော်တော်များများပါဝင်လှူတန်းလာနိုင်သလို အကြောင်းကြောင်းကြောင့် လျော့လည်းသွားနိုင်ပါတယ်။ အဲဒီမှာပါတဲ့အလှူရှင်စာရင်းနဲ့ လှူတန်းငွေပမာဏကို ပူတွဲပေးပို့ လိုက်ရတာကလည်း ပွင့်လင်း မြင်သာမှုရှိအောင်လို့ပါ။ ခိုင်မြဲပြောတဲ့ "ငွေပမာဏ နည်းနည်းလေး များလာရင် လူ့သဘာဝ အရ မြင်လာတတ်ပါတယ်။ ဒီလောက်များတဲ့ ငွေကို ဘယ်နေရာမှာ ဘယ်လို သုံးလိုက်ရင်.. ဆိုတဲ့ အတွေးမျိုး ဝင်လာတတ်ပါတယ်။ အဲဒီတော့ အလွန်များတဲ့ ငွေပမာဏကိုလည်း လစဉ် လက်မခံစေချင်ပါဘူး။ နောင်တစ်ချိန်ချိန်မှာ (လစဉ်လှူဒါန်းခြင်း) ရပ်သွားမှာကို အရမ်းစိုးရိမ်ပါတယ်။ လစဉ် ခတ်များများလေး လှူနေရရင် နောက်ဆုံး လက်တွန့်လာမှာကို စိုးရိမ်ပါတယ်။" ဆိုတဲ့အတိုင်း အနတ္တလည်းကြိုတင်စဉ်းစားထားပါတယ်။ အဲဒါကတော့ ငွေရေးကြေးရေနဲ့ ပါတ်သက်လာရင် လူတိုင်းလူတိုင်းဟာ ပွင့်လင်းမြင်သာမှုမရှိရင်၊ စည်းစနစ်ကျနမှုမရှိရင်၊ မှတ်ကျောက် တင်ခံနိုင်မှု(စစ်ဆေးခံနိုင်မှု)မရှိရင်၊ လက်မခံကြပါဘူး။ အကောင်းဆိုတဲ့အရာဟာလည်း အဆိုးနဲ့ ယှဉ်ပြီးမှ ဖြစ်ပေါ်လာတာမလို့ အကောင်းထဲမှာ အဆိုးမရောပါရလေအောင် အနတ္တ စဉ်းစားထားတာကတော့

(၁) ငွေကို ထိန်းသိမ်းတဲ့အခါမှာ လက်ထဲမှာ ငွေသားမကိုင်ဘဲ ဘဏ်တစ်ခုခုမှာ Saving Account ဖွင့်ပြီးထိန်းသိမ်းထားရန်၊ ထိုသို့ထိန်းသိမ်းရာတွင်လည်း အလှူရှင် နှစ်ဦး(သို့မဟုတ်)သုံးဦးဖြင့်ထိန်းသိမ်းထားရန် (၄င်းအတွက် ပထမအကြိမ်တွင် နှစ်ဦးဖြင့် စာရင်ဖွင့်ထားသည်ကို အလှူရှင်အားလုံးသို့ အီးမေးလ်ပို့ထားပြီး ဖြစ်ပါသည်)

(၂) စာရင်ငွေပြောင်းလဲမှုရှိတိုင်း (အလှူငွေတိုးတိုင်း၊လျော့တိုင်း) တတ်နိုင်သမျှမြန်မြန် အလှူရှင်အားလုံးသို့ အကြောင်းကြား အသိပေးစာပို့ပေးရန် (အနည်းဆုံးတစ်လလျှင်တစ်ကြိမ်း အီးမေးလ် ပို့ရန်)

(၃) အလှူငွေများကို ထိန်းသိမ်းဆောင့်ရှောက်ရန် အလှူရှင်များမှ ခြောက်လတစ်ကြိမ်း (သို့မဟုတ်) တစ်နှစ်တစ်ကြိမ်း ပြောင်းလဲတာဝန်ယူဆောင့်ရှောက်ရန် (ဘဏ်စာရင်းဖျက်သိမ်းခြင်းကို ခြောက်လကြာလျှင်ပြုလုပ်နိုင်ကြောင်း မေးထားပြီးဖြစ်ပါသည်။)

(၄) အလှူငွေများစာရင်းများကို ပွင့်လင်းမြင်သာမှုရှိစေရန် (Up to date) အီးမေးလ် ပို့ပေးထားသော်လည်း စနစ်ကျ မှန်ကန်မှုရှိစေရန် သုံးလလျှင် အနည်းဆုံး တစ်ကြိမ်းကျ ဘဏ်စာအုပ်နှင့် စာရင်းတိုက်ဆိုင် စစ်ဆေးသွားရန် နှင့် အလှူရှင်တစ်ဖွဲ့နှင့်တစ်ဖွဲ့ စာရင်းမလွဲပြောင်းခင် သေချာစစ်စေနိုင်စေရန် စာရင်းစစ်အဖွဲ့များဖွဲ့စည်းထားရန် (၄င်းအတွက် အီးမေးလ်တွင် ပူတွဲပေးပို့ထားပြီးဖြစ်ပါသည်)

(၅) အလှူရှင်များ၏ အနားယူချိန်တွင် SSPအတွက် အချိန်ပေးရသည့်အတွက် လွယ်ကူမြန်ဆန်ပြီး စနစ်တကျ တိုးတက်လာစေရန် ရည်ရွယ်ပြီး ကော်မတီလေးများဖွဲ့စည်းရန်၊ (၄င်းကော်မတီးများကိုလည်း (က) အလှူရှင်များ၏ဆန္ဒအလိုက်ဖွဲ့စည်းရန်၊ မရှိပါက (ခ) ကျွမ်းကျင်နာလည်ဝါသနာပါသည့်အလိုက်ဖွဲ့စည်းရန်၊ အဆင်မပြေပါက (ဂ) နာမည်အက္ခရာ အလိုက်ဖွဲ့စည်းရန် စဉ်းစားထားပါသည်။)

အခုလို အချက်အလက်တွေနဲ့ ပြောပြနေရတာကတော့ အနတ္တတို့ မြန်မာပြည်ရဲ့ဘဏ်စနစ်က ခိုင်မြဲတို့ စလုံးမှာလောက် မကောင်းသေးလို့ (၁) အလှူငွေထည့်တဲ့သူအတွက်လည်း အဆင်ပြေအောင် (၂) အလှူငွေလက်ခံတဲ့အဖွဲ့အတွက်လည်းအဆင်ပြေအောင် (၃) ကျောင်းသား၊ကျောင်းသူတွေကို ပညာသင်စရိတ်ထောက်ပန့်မှုကိုတွက်ချက်တာဝန်ယူရသည့်အဖွဲ့အတွက်လည်း အဆင်ပြေအောင် စသည့်အချက်တွေကြောင့် လှူတမ်းသည့်ငွေ အနည်း၊ အများကို ထည့်မတွက်ဘဲ အလှူငွေ ထိန်းသိမ်း ဆောက်ရှောက်သည့်အဖွဲ့ အနေဖြင့် လက်ခံ ဆောင်ရွက်မှသာ ပိုမိုကောင်းမွန်းမယ်လို့ စဉ်းစားမိလို့ပါ။

ခိုင်မြဲ အကြံပေးသလိုပဲ…

ပထမအဆင့် မတည်ငွေစုခြင်း

(စလုံးမှာ မတည်ငွေစုပြီးပါပြီ ထည့်ဝင်လိုသည့် အလှူရှင်များလည်း ထည့်ဝင် လှူတန်းနိုင်ပါတယ်။)

ဒုတိယအဆင့် လစဉ်ကြေးစုခြင်း

(စလုံးမှာရော ရွှေပြည်မှာပါ ထည့်ဝင်လှူတန်းနေပါပြီး နောက်ထပ် အလှူရှင်များကိုလည်း လေးစားစွာ ဖိတ်ခေါ်အပ်ပါတယ်။ အလှူငွေ ပမာဏတစ်ခု သတ်မှတ်တာကတော့ အလှူရှင်များအားလုံး ဝိုင်းဝန်းကြိုးစားကြတာပေါ့။ အသင်းဝင် သတ်မှတ်ခြင်းကိုတော့ အလှူရှင်အားလုံး ဆန္ဒအတိုင်းပါပဲ။)

တတယအဆင့် ကြေငြာမောင်းခတ်ခြင်း

SSP မှာ ကြေငြာထားပြီးသားပါ။ ထပ်ပြီးကြေငြာပါအုန်းမယ်။ SSP မှ ပညာသင်ဆုရ ကျောင်းသား၊ ကျောင်းသူများ ယခုအင်္ဂျင်နီယာများ ဖြစ်နေကြပါပြီ။ ဆေးကျောင်း၊ နည်းပညာကျောင်းများတွင်လည်း ဆက်လက်ပညာသင်ကြားနေကြပါပြီ။ အခက်အခဲဖြစ်နေသော ကျောင်းသား၊ကျောင်သူများကို လည်း Email: admin@seitmeeain.net သို့ လျှောက်ထားနိုင်ပါကြောင်း ထပ်ဆင့် ကြေငြာမောင်းခတ်ပါသည် ခင်ဗျားးးးးးး

နှိုးဆော်ခြင်း။ ။ မြန်မာပြည်၏အသက်သွေးကြောဖြစ်သော ဧရာဝတီ ဟာ သေးငယ်သော မိုးစက်မိုးပေါက်ကလေးများဖြင့် ပေါင်းစပ် ဖွဲ့စည်းဖြစ်ပေါ်လာသလို SSP ကိုလည်း နည်းပါးသော အလှူငွေများဖြင့် ပေါင်းစပ် ဖွဲ့စည်းကြပါစို့………………..

Sunday, December 25, 2011

ပညာသင်ထောက်ပံ့ရေး ရံပုံငွေ စုဆောင်းခြင်းနှင့် ပတ်သက်၍ အကြံပြုချက်များ

ကိုရင် အနတ္တ နှင့် သူငယ်ချင်းအားလုံးသို့ ...

အလှူငွေများ စုဆောင်းခြင်းနဲ့ ပတ်သက်လို့ နည်းနည်းလောက် ပြောပြချင်ပါတယ်။
အခု ပြောပြမှာတွေက ကျွန်တော် တစ်ယောက်တည်းရဲ့ အကြံဉာဏ်သာ ဖြစ်ပြီး အားလုံးက လွတ်လပ်စွာ သဘောထားကွဲလွဲပြီး ကြိုက်မှ လက်ခံနိုင်ပါတယ်။

မြန်မာပြည်က အသင်းဝင် တစ်ယောက်ဆီက လစဉ် အလှူငွေ တိတိကျကျ သတ်မှတ်မလား...
အခု အီးမေးလ်မှာ တွဲပါလာတဲ့ အလှူရှင် စာရင်းကို ကြည့်လိုက်တော့ စုစုပေါင်း ၃၀ဦးလောက် ရှိပါတယ်။
တစ်ချို့က ၁၅၀၀၊ တစ်ချို့က ၂၅၀၀၊ အားလုံးပေါင်းလိုက်တော့ ဇန်နဝါရီလ အတွက် ၂၂၅၀၀ ကျပ်ရသွားတယ်။
ဒီငွေလေးနဲ့ ကျောင်းသား တစ်ယောက်ကို တစ်လစာ မထောက်ပံ့နိုင်သေးပါဘူး။ နောက်ထပ် လူတွေတိုးလာလို့ တစ်လကို ၅၀၀၀၀ လောက်ရလာဦးတောင် ကျောင်းသား တစ်ယောက်ပဲ ထောက်ပံ့လို့ရပါသေးတယ်။
ယနေ့ခေတ် ကျောင်းသား တစ်ယောက်ရဲ့ တစ်လ ကုန်ကျစရိတ်က အနည်းဆုံး ၅၀၀၀၀ (ငါးသောင်း) ရှိပါတယ်။ နောက်ထပ် လိုအပ်နေတဲ့ ကျောင်းသားတွေ၊ SSP ကို နောက်ထပ် လျှောက်လာတဲ့ အကူအညီတောင်းခံလာတဲ့ အမှန်တကယ်လည်း သူတို့မှာ ကူညီမယ့်သူ မရှိတော့လို့ တောင်းခံလာတဲ့ ကျောင်းသားတွေကို ဘယ်လို ကူညီနိုင်မှာလဲ။
အဲဒီအချိန်မှ လစဉ်အလှူငွေ တိုးတောင်းလို့ မကောင်းပါဘူး။ ဒါဆိုရင် အစကတည်းက လစဉ်အလှူငွေကို တိုးကောက်ကြမလား။ ဒါလည်း မကောင်းပါဘူး။
ငွေပမာဏ နည်းနည်းလေး များလာရင် လူ့သဘာဝ အရ မြင်လာတတ်ပါတယ်။ ဒီလောက်များတဲ့ ငွေကို ဘယ်နေရာမှာ ဘယ်လို သုံးလိုက်ရင်.. ဆိုတဲ့ အတွေးမျိုး ဝင်လာတတ်ပါတယ်။ အဲဒီတော့ အလွန်များတဲ့ ငွေပမာဏကိုလည်း လစဉ် လက်မခံစေချင်ပါဘူး။ နောင်တစ်ချိန်ချိန်မှာ (လစဉ်လှူဒါန်းခြင်း) ရပ်သွားမှာကို အရမ်းစိုးရိမ်ပါတယ်။ လစဉ် ခတ်များများလေး လှူနေရရင် နောက်ဆုံး လက်တွန့်လာမှာကို စိုးရိမ်ပါတယ်။
အဲဒီတော့ ကျွန်တော့် အမြင်ကတော့ သင့်တင့်တဲ့ ပမာဏနဲ့ လာစဉ်အလှူငွေကို တစ်တန်းတစ်စားတည်း အားလုံး ပမာဏ အတူ ထည့်ဝင်စေချင်တယ်။ ဒါမှလည်း ကျောင်းသားကို ထောက်ပံ့ငွေ နဲ့ လက်ကျန်ငွေကို တွက်ချက်ရာမှာ လွယ်ကူပြီး၊ ငွေကိုင် (စာရင်းကိုင်) ကိုရင် အနတ္တတို့လို လူတွေ ဦးနှောက်စား သက်သာပါမယ်။
ဒါဆိုရင် အခုလက်ရှိ အသင်းဝင် ၃၀ဦးကနေ တစ်ယောက်ကို တစ်လကို ဘယ်လောက်ကောက်ရင် ဘယ်လောက်ရမလဲစဉ်းစားရအောင်...
ဥပမာ ..
အသင်းဝင် ၃၀ဦး x လစဉ်အလှူငွေ ၁၀၀၀ ကျပ် = လစဉ် စုစုပေါင်းရရှိငွေ ၃၀၀၀၀ ကျပ် (သုံးသောင်းကျပ်)
အသင်းဝင် ၃၀ဦး x လစဉ်အလှူငွေ ၁၅၀၀ ကျပ် = လစဉ် စုစုပေါင်းရရှိငွေ ၄၅၀၀၀ ကျပ် (လေးသောင်း ငါးထောင် ကျပ်)
အသင်းဝင် ၃၀ဦး x လစဉ်အလှူငွေ ၂၀၀၀ ကျပ် = လစဉ် စုစုပေါင်းရရှိငွေ ၆၀၀၀၀ ကျပ် (ခြောက်သောင်းကျပ်)
ဒီလို တွက်ကြည့်လိုက်တော့ လူဦးရေ ၃၀က တစ်လ နှစ်ထောင်စုမှ ကျောင်းသား တစ်ယောက်စာပဲ ထောက်ပံ့လို့ ရသေးတယ်။
ဒါတောင် အားလုံးက လစဉ်မှန်မှန်လေး ထည့်ဝင်တယ်လို့ ယူဆပြီး တွက်ထားတာပါ။ (လစဉ် ပုံမှန် မထည့်ရင် ငွေကိုင် ကိုရင် အနတ္တ ခေါင်းကြိမ်းပြီ။)
ဒါဆိုရင် အသင်းဝင် တစ်ယောက်က တစ်နှစ်စာကို ၂၄၀၀၀ (နှစ်သောင်း လေးထောင်) လှူဒါန်းပါတယ်။
နောက်ထပ် ကျောင်းသား အသစ်တွေကို ဘယ်လို ထောက်ပံ့ရမလဲ။ ကျောင်းသား တစ်ယောက်ပြီးမှ တစ်ယောက်ထောက်ပံ့ရင်တော့ ဖြစ်နိုင်ပါတယ်။ နောင် ၁၀နှစ်ပြည့်တဲ့ အချိန်မှာ ကျောင်းသား ၂ယောက်လောက် ထောက်ပံ့ပြီးဖြစ်နေနိုင်ပါတယ်..။

'မ'တည်ငွေ စုကြအောင် ..
နောက်ထပ် စဉ်းစားနည်း တစ်မျိုးနဲ့ ထပ်ပြီး စဉ်းစားကြည့်မယ်။
တစ်လကို ကျောင်းသား တစ်ယောက်ကို ၅၀၀၀၀ (ငါးသောင်း) ထောက်ပံ့ရင် တစ်နှစ် ဘယ်လောက် ကုန်မလဲ။
၁၂လ x ၅၀၀၀၀ = ၆၀၀ ၀၀၀ (ခြောက်သိန်း) ကုန်တယ်။
ဒါဆိုရင် ကျွန်တော်တို့မှာ စစခြင်း မတည်ငွေ ၁၂သိန်းလောက်ရှိရင် ကျောင်းသား ၂ယောက်ကို တစ်ပြိုင်တည်း အေးအေးဆေး ထောက်ပံ့လို့ရတာပေါ့။
နောက်ထပ် လစဉ်ကြေးရတာလေးတွေနဲ့ ဆက်ပြီး ပေါင်းထည့်လိုက်ရင် ရံပုံငွေ တောင့်တောင့်တင်းတင်း ဖြစ်သွားပြီ။
ငွေကိုင်တွေလည်း ပူစရာ မလိုဘူး၊ အသင်းဝင်တွေလည်း ပူစရာ မလိုဘူး၊ ကျောင်းသားလည်း ပူစရာ မလိုတော့ဘူး။
လက်ရှိ ငွေပမာဏရယ်၊ လက်ရှိ လစဉ် ကောက်ခံရရှိငွေရယ် နဲ့ဆိုရင် ကျောင်းသား နှစ်ယောက်ကို ၂နှစ်လောက် အေးအေးဆေးဆေး ထောက်ပံ့သွားလို့ရတယ်။ အရှိန်ရသွားပြီ။ ရံပုံငွေ တောင့်တင်းသွားပြီ။

ဒါကြောင့်မို့ မြန်မာပြည်မှာ ရှိတဲ့ အသင်းဝင်တွေဆီက
လစဉ်ကြေး ၂၀၀၀ကျပ် သတ်မှတ်ဖို့ အကြံပြုပါတယ်။
'မ'တည်ငွေ ၁၂သိန်းခန့်ရဖို့ အရင်စုရအောင်။ ဒါမှ ကျွန်တော်တို့က ကျောင်းသား ၂ယောက်လောက်ကို ရဲရဲတင်းတင်း နဲ့ စတင်ပြီး ထောက်ပံ့နိုင်မှာ။ ၁၈သိန်းလောက်ရရင် ပိုကောင်းတယ်။ ဒါဆို ကျောင်းသား ၃ယောက်လောက် ထောက်ပံ့မယ်။

အဲဒီတော့ ရံပုံငွေ စုဆောင်းခြင်းမှာ အဆင့် နှစ်ဆင့်ပါမယ်။
ပထမ အဆင့် - 'မ'တည်ငွေ ၁၂သိန်းရအောင် စုမယ်။
ဒုတိယ အဆင့် - လစဉ်ကြေး ၂၀၀၀ ကို ကတိခံပြီး ပုံမှန်ထည့်ဝင်မယ့် သူတွေကို အသင်းဝင် အဖြစ် သတ်မှတ်မယ်။

လစဉ်ကြေး ၁၀၀၀ သို့မဟုတ် ၁၅၀၀ ထည့်မယ်ဆိုတဲ့ လူတွေရဲ့ အလှူငွေကို 'မ'တည်ငွေစုဆောင်းရာမှာ ထည့်မယ်။ သူတို့ကို ငွေပဒေသာပင် အလှူရှင်လို့ ခေါ်မယ်။ လစဉ်ကြေး ၂၀၀၀ ထက်ပိုပြီး ထည့်ချင်သလား.. ရတယ် .. လာခဲ့။ နှစ်ထောင်ထက် ပိုတဲ့ငွေကို 'မ'တည်ငွေထဲမှာ ထည့်မယ် ကျန်တဲ့ ၂၀၀၀ ကို လစဉ်အလှူငွေ အဖြစ် သတ်မှတ်မယ်။
'မ'တည်ငွေ ၁၂သိန်းရဖို့ရာ အတွက်က တော့ ကျွန်တော်တို့ရဲ့ ဝင်ငွေ ဆူဖြိုးတဲ့၊ မြိုးမြိုးမျက်မျက် ရတဲ့ သူငယ်ချင်းတွေကို အားကိုးရမှာပဲ။ သူငယ်ချင်း ၁၂ယောက်ဆီက တစ်ယောက်ကိုတစ်သိန်းဆီရရင်ကို အဆင်ပြေနေပြီ။
နံပတ် ၁ ကတော့ ကိုရင် အနတ္တဆီကနေ စပြီး အလှူခံမယ်။ ပြီးရင် နံပတ် ၂က ကိုဆောပဲ။



'စ'လုံး လစဉ်ကြေး ဘယ်လို သတ်မှတ်မလဲ
'စ'လုံး လစဉ်ကြေးကို တစ်လ ၁၀ကျပ် (S$10) သတ်မှတ်ဖို့ အကြံပြုတယ်။
1818 Phone Card တစ်ခုစာပဲ ဖြစ်လို့ အားလုံး အဆင်ပြေမယ် ထင်ပါတယ်။
တစ်ဆယ် ထက်ပိုပြီး ထည့်ချင်ရင်တော့ 'မ'တည်ငွေထဲမှာ ထည့်လိုက်မယ်။
တစ်ဆယ်ထက် မပိုနဲ့၊ ပြီးတော့ လျော့လည်း မလျော့နဲ့။
တစ်နှစ်စာဆိုရင် ၁၂၀ကျပ်။ ကြိုပေးလည်း ကိုရင် အနတ္တကတော့ လက်ခံမှာပဲ။

'မ'တည်ငွေအတွက် 'စ'လုံးသူငယ်ချင်းတွေဆီကလည်း များများရမယ်
'စ'လုံး သူငယ်ချင်းတွေကလည်း အားကိုးရမှာပါလို့ ယုံကြည်ပါတယ်။
ကိုရင် အနတ္တက ရဲရဲတင်းတင်းနဲ့ အစီအစဉ် အသေးစိတ်ကို ကြေငြာပြီး အသိပေးဖို့ လိုပါတယ်။ 'စ'လုံးက ဗိုက်ပူပူ သူငယ်ချင်းတွေကလည်း အလှူငွေ အတွက် လက်နှေးမှာ မဟုတ်ပါဘူး။ တစ်သိန်းဆို့တာ သူတို့အတွက် ၁၅၀ကျပ်လောက် ပဲရှိပါတယ်။

နိဂုံးချုပ်တော့မယ် ....
'မ'တည်ငွေ ထားရှိခြင်း၊ လစဉ်ကြေး ပုံမှန်သတ်မှတ်ခြင်းအားဖြင့် အသင်း၏ ကုန်ကျငွေ၊ကျန်ငွေ နှင့် အနာဂတ် ငွေစာရင်းကို ကြိုတင် တွက်ဆနိုင်ခြင်းကြောင့် ပိုမိုသင့်လျော်သည် ဟုယူဆသည်။ ထို့အပြင် အသင်း၏ ငွေကိုင်(စာရင်းကိုင်)များလည်း အိတ်စိုက်ရန်မလိုခြင်း၊ ရန်ပုံငွေ မပူပင်ရခြင်း နှင့် ငွေကြေးတွက်ချက်ရာတွင် လွယ်ကူစေခြင်းစသော အကျိုးကျေးဇူးများ ရလိမ့်မည်ဟု မျှော်လင့်မိသည်။

ဒီအတိုင်းသာဆိုရင်... 'မ'တည်ငွေ ၁၂သိန်း လည်း ရပြီ။
ရွှေပြည်ကြီးက အသင်းဝင် ၃၀ ဆီက လစဉ်ကောက်ခံရှိငွေ = ၆၀၀၀၀ (ခြောက်သောင်း)
တစ်ကျွန်းစံ သူငယ်ချင်း ၁၀ဦး(ခန့်)ဆီက လစဉ်ကောက်ခံရရှိငွေ = S$10 x 600Ks x 10 members = ၆၀၀၀၀ (ခြောက်သောင်း)
ကဲ ... ကိုရင် အနတ္တရေ လစဉ်ကြေး တစ်လကို ၁၂၀ ၀၀၀ ကျပ် (တစ်သိန်း နှစ်သောင်း)တောင် ရနေပြီ။
ကျောင်းသား နှစ်ယောက်လောက်ကို အေးအေးဆေးဆေး ထောက်ပံ့နိုင်ပြီ။
ပြောနေရင် ကြာတယ် ...
ပညာသင်ထောက်ပံ့ကြေးလျှောက်နိုင်ပြီ ဆိုတာသာ ကြေငြာမောင်း ခတ်တော့ဗျားးးး ......

Monday, October 31, 2011

Remittance for November 2011

သို့

ကျောင်းသား၊သူ အားလုံး နှင့် ထောက်ပံ့သူအားလုံးသို

မော်လမြိုင်နည်းပညာတက္ကသိုလ် ကျောင်းသား မောင်အောင်ထွန်းအတွက် နိုဝင်ဘာလ ထောက်ပံ့ကြေးများကို မောင်အောင်ထွန်းသို့ ကမ္ဘောဇဘဏ် (မော်လမြိုင်)မှ တဆင့်၎င်း၊ ဟင်္သာတနည်းပညာ တက္ကသိုလ် ကျောင်းသားများအတွက် နိုဝင်ဘာလ ထောက်ပံ့ကြေးများကို မောင်ပြည့်ဖြိုးခန့်သို့ ကမ္ဘောဇဘဏ် (ဟင်္သာတ)မှ တဆင့်၎င်း အောက်ပါအတိုင်း လွှဲအပ်ပြီးစီးပါကြောင်း အကြောင်းကြားအပ်သည်။

ကျောင်းသား၊သူ

အလှူရှင်

ပမာဏ (မြန်မာကျပ်)

ပမာဏ (စင်္ကပူဒေါ်လာ) (ငွေလွှဲနှုန်း - ၁ ဒေါ်လာ = ၆၂၇ ကျပ်)

ဘဏ်/ မှတ်ပုံတင်

မောင်အောင်ထွန်း

မနန်းညိုမီအောင်

၃၅ ၀၀၀ (၃သောင်းခွဲ)

၅၅.၈၂

ကမ္ဘောဇဘဏ်၊မော်လမြိုင်

၁၀/ကမရ(နိုင်) ၁၂၆၅၁၆

မောင်ပြည့်ဖြိုးခန့်

မမိုးမိုး

၄၀ ၀၀၀ (၄သောင်း)

၆၃.၈၀

ကမ္ဘောဇဘဏ်၊ဟင်္သာတ။

၁၄/ဟသတ(နိုင်)၂၇၆၃၆၃

မောင်ပြည့်မျိုးခန့်

မနှင်း

၄၀ ၀၀၀ (၄သောင်း)

၆၃.၈၀

ပြည့်ဖြိုးခန့် နှင့် ပေါင်းလွှဲရန်။

ပြန်ကြာရေး

စိတ်မီးအိမ်အဖွဲ့

Remittance for October 2011

သို့

ကျောင်းသား၊သူ အားလုံး နှင့် ထောက်ပံ့သူအားလုံးသို

ပုသိမ်နည်းပညာ တက္ကသိုလ် ကျောင်းသားများအတွက် အောက်တိုဘာလ ထောက်ပံ့ကြေးများကို ပုသိမ်နည်းပညာတက္ကသိုလ်၊ မခိုင်ရွှေမာ သို့ ရိုးမဘဏ် (ပုသိမ်)မှ အောက်ပါအတိုင်း လွှဲအပ်ပြီးစီးပါကြောင်း အကြောင်းကြားအပ်သည်။

ကျောင်းသား၊သူ

အလှူရှင်

ပမာဏ (မြန်မာကျပ်)

ပမာဏ (စင်္ကပူဒေါ်လာ) (ငွေလွှဲနှုန်း - ၁ ဒေါ်လာ = ၆၂၇ ကျပ်)

ဘဏ်/ မှတ်ပုံတင်

မခိုင်ရွှေမာ

သိန်းမင်းထိုက်

၄၀ ၀၀၀ (၄ သောင်း)

၆၃.၈၀

ရိုးမဘဏ်၊ပုသိမ်။

၁၄/ ပသန (နိုင်) ၁၉၆၈၉၉

မောင်ကိုကိုချစ်

ကိုခိုင်ဇော်လင်း + မဇာခြည်သန်းထွန်း

၃၅ ၀၀၀ (၃ သောင်းခွဲ)

၅၅.၈၂

ခိုင်ရွှေမာ နှင့် ပေါင်းလွှဲရန်။

မောင်ပိုင်မိုးမြင့်

ကိုလင်းထိန်

၃၅ ၀၀၀ (၃ သောင်းခွဲ)

၅၅.၈၂

ခိုင်ရွှေမာ နှင့် ပေါင်းလွှဲရန်။

မောင်စောရဲဝင်းသူ

ကိုစောအောင်မြင့်ဝင်း၊ မအဉ္စလီကို နှင့် သူငယ်ချင်းများ

၅၀ ၀၀၀ (၅ သောင်း)

၇၉.၇၄

ခိုင်ရွှေမာ နှင့် ပေါင်းလွှဲရန်။

စုစုပေါင်း

၁၆၀၀၀၀ (၁ သိန်း ၆ သောင်း )

၂၅၄.၈၈

ပြန်ကြာရေး

စိတ်မီးအိမ်အဖွဲ့

Remittance for September 2011

ကျောင်းသား၊သူ အားလုံး နှင့် ထောက်ပံ့သူအားလုံးသို

ပုသိမ်နည်းပညာ တက္ကသိုလ် ကျာင်းသားများအတွက် စက်တင်ဘာလ ထောက်ပံ့ကြေးများကို ပုသိမ်နည်းပညာတက္ကသိုလ်၊ မခိုင်ရွှေမာ သို့ ရိုးမဘဏ် (ပုသိမ်)မှ တဆင့်၎င်း၊ မော်ကလမြိုင်နည်းပညာတက္ကသိုလ် ကျောင်းသား မောင်အောင်ထွန်းအတွက် စက်တင်ဘာလ ထောက်ပံ့ကြေးများကို မောင်အောင်ထွန်းသို့ ကမ္ဘောဇဘဏ် (မော်လမြိုင်)မှ တဆင့်၎င်း၊ ဟင်္သာတနည်းပညာ တက္ကသိုလ် ကျောင်းသားများအတွက် စက်တင်ဘာလ ထောက်ပံ့ကြေးများကို မောင်ပြည့်ဖြိုးခန့်သို့ ကမ္ဘောဇဘဏ် (ဟင်္သာတ)မှ တဆင့်၎င်း အောက်ပါအတိုင်း ၂၀၁၁-၀၉-၅ ရက် တွင် လွှဲအပ်ပြီးစီးပါကြောင်း အကြောင်းကြားအပ်သည်။

ကျောင်းသား၊သူ

အလှူရှင်

ပမာဏ (မြန်မာကျပ်)

ပမာဏ (စင်္ကပူဒေါ်လာ) (ငွေလွှဲနှုန်း - ၁ ဒေါ်လာ = ၆၀၆ ကျပ်)

ဘဏ်/ မှတ်ပုံတင်

မခိုင်ရွှေမာ

သိန်းမင်းထိုက်

၄၀ ၀၀၀ (၄ သောင်း)

၆၆

ရိုးမဘဏ်၊ပုသိမ်။

၁၄/ ပသန (နိုင်) ၁၉၆၈၉၉

မောင်ကိုကိုချစ်

ကိုခိုင်ဇော်လင်း + မဇာခြည်သန်းထွန်း

၃၅ ၀၀၀ (၃ သောင်းခွဲ)

၅၇.၈၀

ခိုင်ရွှေမာ နှင့် ပေါင်းလွှဲရန်။

မောင်ပိုင်မိုးမြင့်

ကိုလင်းထိန်

၃၅ ၀၀၀ (၃ သောင်းခွဲ)

ခိုင်ရွှေမာ နှင့် ပေါင်းလွှဲရန်။

မောင်စောရဲဝင်းသူ

ကိုစောအောင်မြင့်ဝင်း၊ မအဉ္စလီကို နှင့် သူငယ်ချင်းများ

၅၀ ၀၀၀ (၅ သောင်း)

၈၂.၅၁

ခိုင်ရွှေမာ နှင့် ပေါင်းလွှဲရန်။

မောင်အောင်ထွန်း

မနန်းညိုမီအောင်

၃၅ ၀၀၀ (၃သောင်းခွဲ)

၅၇.၈၀

ကမ္ဘောဇဘဏ်၊မော်လမြိုင်

၁၀/ကမရ(နိုင်) ၁၂၆၅၁၆

မောင်ပြည့်ဖြိုးခန့်

မမိုးမိုး

၄၀ ၀၀၀ (၄သောင်း)

၆၆

ကမ္ဘောဇဘဏ်၊ဟင်္သာတ။

၁၄/ဟသတ(နိုင်)၂၇၆၃၆၃

မောင်ပြည့်မျိုးခန့်

မနှင်း

၄၀ ၀၀၀ (၄သောင်း)

၆၆

ပြည့်ဖြိုးခန့် နှင့် ပေါင်းလွှဲရန်။

စုစုပေါင်း

၂၇၅ ၀၀၀ (၂ သိန်း ၇ သောင်း ၅ ထောင်)

ပြန်ကြာရေး

စိတ်မီးအိမ်အဖွဲ့