Short announcement


Applications are now open for flood victim students from Pakokku, Sinbyugyun and Seit Phyu towns

We would like to offer our donations for those students who are flood victims in Pakokku, Sinbyugyun and Seit Phyu towns. The students can directly apply for the scholarship by emailing to admin@seitmeeain.net. For application requirements, please see
http://www.seitmeeain.net/application-requirements.


One application is now open. Applicants who meet the following criteria can apply for SSP scholarship now.

(i) Applicant must be an orphan and currently residing in Burma/Myanmar.
(ii) Applicant must be currently conducting undergraduate engineering course in GTUs or a fresh matriculation graduate who will be joining undergraduate engineering degree in one of GTUS.
(iii) Applicant who is doing computing courses may also apply. However, priority will be given to engineering student in case there is more than one applicaiton.



Pleae send your application to admin@seitmeeain.net.

Date of Issue: 2011-09-05 [MON]
နည်းပညာတက္ကသိုလ် အင်ဂျင်နီယာ ကျောင်းသားတစ်ယောက်အတွက် တစ်လထောက်ပံ့ငွေ ကျပ် ၃, ၅၀၀၀ ခန့် ကုန်ကျပါသည်။ စိတ်ပါဝင်စား၍ ထောက်ပံ့လိုသူများ ဆက်သွယ်ကြပါရန်။

ကျောင်းသားတစ်ယောက်ချင်းအတွက် တာဝန်မယူလိုပါကလည်း မိမိ စေတနာရှိသလောက်လည်း ပါဝင် လှူဒါန်းနိုင်ပါသည်။

Only an amount of 3,500 MYK (= 58 SGD = 48 USD)
is required to support a university level engineering student in Myanmar. If you are interested in supporting one, please contact us.

If you do not want to support student by student basis, you can still contribute whatever amount of donation to us.

Thursday, January 5, 2012

"SSPကို နည်းပါးသော အလှူငွေများဖြင့် ပေါင်းစပ် ဖွဲ့စည်းကြပါစို့"

ခိုင်မြဲရေ…

စိတ်ဝင်တစားနဲ့ အကြံဥာဏ်ပေး၊ စဉ်းစားပေးတဲ့အတွက် ကျေးဇူးတင်တယ်ဗျာ… တခြားအလှူရှင်တွေ SSPကိုဝင်ရောက်လည်ပါတ်တဲ့သူတွေရဲ့ အကြံဥာဏ်တွေ၊ မှတ်ချက်တွေကိုလည်း တန်ဖိုးထားပါတယ်။ လွတ်လွတ်လပ်လပ်၊ ပွင့်ပွင့်လင်းလင်း မှတ်ချက်ပေးဖို့အတွက်လည်း တလေးတစားနဲ့ ဖိတ်ခေါ်အပ်ပါတယ်။

ခိုင်မြဲ ခင်ဗျာ့ပေးတဲ့အကြံဥာဏ်ကြောင့် အစက လစဉ် (၁၅၀၀)ကျပ်လှူမယ်ဆိုတဲ့ အလှူရှင်တဦးကတော့ အခု (၂၀၀၀)ကျပ် ပြောင်းလှူသွားပြီဗျာ.. အနတ္တတောင် ခရီးလွန်ပြီး မဖတ်ဖြစ်သေးခင်ကတည်းကလေ။

အလှူရှင်တွေအားလုံး သိပြီးကြတဲ့အတိုင်း SSP ကအလှူငွေကို အပိုင်းသုံးပိုင်းခွဲခြားထားပြီး လက်ခံနေပါတယ်။

(၁) ကျောင်းသားတစ်ယောက်စီကို အလှူရှင်တစ်ဦးစီက ငွေကြေးပိုင်းတာဝန်ယူပြီး လှူတဲ့အလှူ

(၂) မိမိတို့အဆင်ပြေသလို လစဉ်ငွေပမာဏတစ်ခုသတ်မှတ်ပြီးတော့ လှူတဲ့အလှူ

(၃) လစဉ်ငွေပမာဏ တသတ်မှတ်ထဲမဟုတ်ဘဲနဲ့ မိမိအဆင်ပြေသလောက်ကို အဆင်ပြေသလို လှူတဲ့အလှူ စသဖြင့် သုံးမျိုးပေါ့

(၁) ကျောင်းသားတစ်ယောက်စီကို အလှူရှင်တစ်ဦးစီက တာဝန်ယူတဲ့ အလှူမှာ အလှူရှင်ရော၊ ကျောင်းသားပါ SSP ရဲ့သတ်မှတ်ချက် စည်းကမ်းအတိုင်း လိုက်နာကြရမှာဖြစ်တဲ့အတွက် ကျောင်းသားအတွက် ပိုပြီးအကျိုးရှိမှာပါ။ နောက်ဆုံး မိဘက သားသမီးကို ကျောင်းထားတာတောင်မှ SSP ကနေထားမယ်ဆိုရင် သက်ဆိုင်ရာ ဘာသာရပ်အလိုက် ဆရာ၊ဆရာမတွေ၊ ဌာနမှူးတွေကို SSP က မေတ္တာရပ်ခံ အကူအညီ တောင်းထားတဲ့အတွက် ကျောင်းသားရဲ့ ပညာရေးပိုင်းကို အခမဲ့ ဂရုစိုက်မှုရရှိမှာ ဖြစ်ပါတယ်။

(၂) မိမိတို့အဆင်ပြေသလို လစဉ်သတ်မှတ်ငွေပမာဏတစ်ခုတည်းထားတဲ့ လှူအတွက် ခိုင်မြဲပြောသလို တစ်ယောက်ကို (၂၀၀၀)ကျပ် သို့မဟုတ် (၃၀၀၀)ကျပ် သတ်မှတ်ပြီး လှူကြမယ်ဆိုရင်တော့ အားလုံးအတွက် အရမ်းကောင်းတဲ့အစီအစဉ်ပေါ့။ အနတ္တကတော့ သဘောတူပါတယ်။ တခြားအလှူရှင်တွေရဲ့ဆန္ဒကတော့ ဘယ်လိုနေမလဲတော့ မသိသေးဘူး။ ဒါပေမယ့် လောလောဆယ်တော့ အလှူရှင်တွေရဲ့ လွတ်လပ်တဲ့ဆန္ဒ အတိုင်းသာ လစဉ်အလှူခံသွားမယ်။ အနတ္တ ဆန္ဒအရတော့ ခိုင်းမြဲတို့ဆီရော တခြားအလှူရှင်တွေဆီရော ပို့ထားတဲ့ အလှူရှင်စာရင်းမှာပါတဲ့သူတွေဆီက အလှူငွေကို အဓိကထားပြီး အလှူခံတာမဟုတ်ပါဘူး။ စေတနာကို အဓိကထားပြီး အလှူခံတာပါ။ ဘာဖြစ်လို့လဲဆိုတော့ ဝင်ငွေရှိတဲ့သူ မည်သူမဆို တစ်လကို ကျပ်ငွေ တစ်ထောင်၊နှစ်ထောင်လောက်တော့ သိပ်ပြီး အပန်းမကြီးနိုင်လောက်လို့လေ။ အဲဒီတော့ သူတို့အသီးသီးရဲ့ပါတ်ဝန်းကျင်မှာရှိတဲ့ မအားလပ်တဲ့သူတွေကို စေတနာထား လက်ဆင့်ကမ်းပြီး အလွယ်တကူ အလှူငွေထည့်ဝင်နိုင်အောင် အကူအညီပေးမယ်၊ ရှင်းပြပေးမယ်ဆိုရင် အမှန်တကယ်အခက်အခဲဖြစ်နေတဲ့ ပညာတတ်သင့်ရဲ့သားနဲ့ ပညာရေးတပိုင်းတစနဲ့ရပ်တန့်သွားရမယ့် ကျောင်းသူ၊ကျောင်းသားတွေအတွက် ပိုပြီးအကျိုးဖြစ်ထွန်းနိုင်လို့ပါ။

(၃) လစဉ်တသတ်မတ်တည်းမဟုတ်ဘဲနဲ့ အဆင်ပြေသလိုလှူတဲ့အလှူတွေကို (ခိုင်မြဲစကားနဲ့ပြောရရင် ငွေပဒေသာပင်အလှူရှင်) ဆိုပြီးသတ်မှတ်ထားရတာက အနတ္တတို့ ရွှေပြည်တော်ကြီးက သိတဲ့အတိုင်းပဲ ခိုင်မြဲတို့ စ လုံး မှာလို ဘဏ်စနစ်တွေက ထိုင်ရာမထအလုပ်လုပ်လို့မရသေးတဲ့အပြင် တချို့မြို့တွေမှာတောင် ဘဏ်မရှိသေးတဲ့အခြေအနေဆိုတော့ အဆင်ပြေသလိုလှူတန်းမှုကို လက်ခံမှ ပိုပြီးအဆင်ပြေနိုင်လို့ပါ။

ခိုင်မြဲရေ…

အနတ္တ အီးမေးလ်မှာတွဲပို့လိုက်တဲ့သူ (လူ ၃၀ ခန့်)က အနတ္တအပေါ်မှာပြောသလိုပဲ Key Donors အဖြစ် သူတို့ရဲ့ စေတနာကိုအဓိကထားပြီး အလှူခံမယ်ဆိုပြီး အနတ္တစိတ်ကူးထားတဲ့သူတွေပါ။ နောင်ဆိုရင် ဒိထက်အဆတော်တော်များများပါဝင်လှူတန်းလာနိုင်သလို အကြောင်းကြောင်းကြောင့် လျော့လည်းသွားနိုင်ပါတယ်။ အဲဒီမှာပါတဲ့အလှူရှင်စာရင်းနဲ့ လှူတန်းငွေပမာဏကို ပူတွဲပေးပို့ လိုက်ရတာကလည်း ပွင့်လင်း မြင်သာမှုရှိအောင်လို့ပါ။ ခိုင်မြဲပြောတဲ့ "ငွေပမာဏ နည်းနည်းလေး များလာရင် လူ့သဘာဝ အရ မြင်လာတတ်ပါတယ်။ ဒီလောက်များတဲ့ ငွေကို ဘယ်နေရာမှာ ဘယ်လို သုံးလိုက်ရင်.. ဆိုတဲ့ အတွေးမျိုး ဝင်လာတတ်ပါတယ်။ အဲဒီတော့ အလွန်များတဲ့ ငွေပမာဏကိုလည်း လစဉ် လက်မခံစေချင်ပါဘူး။ နောင်တစ်ချိန်ချိန်မှာ (လစဉ်လှူဒါန်းခြင်း) ရပ်သွားမှာကို အရမ်းစိုးရိမ်ပါတယ်။ လစဉ် ခတ်များများလေး လှူနေရရင် နောက်ဆုံး လက်တွန့်လာမှာကို စိုးရိမ်ပါတယ်။" ဆိုတဲ့အတိုင်း အနတ္တလည်းကြိုတင်စဉ်းစားထားပါတယ်။ အဲဒါကတော့ ငွေရေးကြေးရေနဲ့ ပါတ်သက်လာရင် လူတိုင်းလူတိုင်းဟာ ပွင့်လင်းမြင်သာမှုမရှိရင်၊ စည်းစနစ်ကျနမှုမရှိရင်၊ မှတ်ကျောက် တင်ခံနိုင်မှု(စစ်ဆေးခံနိုင်မှု)မရှိရင်၊ လက်မခံကြပါဘူး။ အကောင်းဆိုတဲ့အရာဟာလည်း အဆိုးနဲ့ ယှဉ်ပြီးမှ ဖြစ်ပေါ်လာတာမလို့ အကောင်းထဲမှာ အဆိုးမရောပါရလေအောင် အနတ္တ စဉ်းစားထားတာကတော့

(၁) ငွေကို ထိန်းသိမ်းတဲ့အခါမှာ လက်ထဲမှာ ငွေသားမကိုင်ဘဲ ဘဏ်တစ်ခုခုမှာ Saving Account ဖွင့်ပြီးထိန်းသိမ်းထားရန်၊ ထိုသို့ထိန်းသိမ်းရာတွင်လည်း အလှူရှင် နှစ်ဦး(သို့မဟုတ်)သုံးဦးဖြင့်ထိန်းသိမ်းထားရန် (၄င်းအတွက် ပထမအကြိမ်တွင် နှစ်ဦးဖြင့် စာရင်ဖွင့်ထားသည်ကို အလှူရှင်အားလုံးသို့ အီးမေးလ်ပို့ထားပြီး ဖြစ်ပါသည်)

(၂) စာရင်ငွေပြောင်းလဲမှုရှိတိုင်း (အလှူငွေတိုးတိုင်း၊လျော့တိုင်း) တတ်နိုင်သမျှမြန်မြန် အလှူရှင်အားလုံးသို့ အကြောင်းကြား အသိပေးစာပို့ပေးရန် (အနည်းဆုံးတစ်လလျှင်တစ်ကြိမ်း အီးမေးလ် ပို့ရန်)

(၃) အလှူငွေများကို ထိန်းသိမ်းဆောင့်ရှောက်ရန် အလှူရှင်များမှ ခြောက်လတစ်ကြိမ်း (သို့မဟုတ်) တစ်နှစ်တစ်ကြိမ်း ပြောင်းလဲတာဝန်ယူဆောင့်ရှောက်ရန် (ဘဏ်စာရင်းဖျက်သိမ်းခြင်းကို ခြောက်လကြာလျှင်ပြုလုပ်နိုင်ကြောင်း မေးထားပြီးဖြစ်ပါသည်။)

(၄) အလှူငွေများစာရင်းများကို ပွင့်လင်းမြင်သာမှုရှိစေရန် (Up to date) အီးမေးလ် ပို့ပေးထားသော်လည်း စနစ်ကျ မှန်ကန်မှုရှိစေရန် သုံးလလျှင် အနည်းဆုံး တစ်ကြိမ်းကျ ဘဏ်စာအုပ်နှင့် စာရင်းတိုက်ဆိုင် စစ်ဆေးသွားရန် နှင့် အလှူရှင်တစ်ဖွဲ့နှင့်တစ်ဖွဲ့ စာရင်းမလွဲပြောင်းခင် သေချာစစ်စေနိုင်စေရန် စာရင်းစစ်အဖွဲ့များဖွဲ့စည်းထားရန် (၄င်းအတွက် အီးမေးလ်တွင် ပူတွဲပေးပို့ထားပြီးဖြစ်ပါသည်)

(၅) အလှူရှင်များ၏ အနားယူချိန်တွင် SSPအတွက် အချိန်ပေးရသည့်အတွက် လွယ်ကူမြန်ဆန်ပြီး စနစ်တကျ တိုးတက်လာစေရန် ရည်ရွယ်ပြီး ကော်မတီလေးများဖွဲ့စည်းရန်၊ (၄င်းကော်မတီးများကိုလည်း (က) အလှူရှင်များ၏ဆန္ဒအလိုက်ဖွဲ့စည်းရန်၊ မရှိပါက (ခ) ကျွမ်းကျင်နာလည်ဝါသနာပါသည့်အလိုက်ဖွဲ့စည်းရန်၊ အဆင်မပြေပါက (ဂ) နာမည်အက္ခရာ အလိုက်ဖွဲ့စည်းရန် စဉ်းစားထားပါသည်။)

အခုလို အချက်အလက်တွေနဲ့ ပြောပြနေရတာကတော့ အနတ္တတို့ မြန်မာပြည်ရဲ့ဘဏ်စနစ်က ခိုင်မြဲတို့ စလုံးမှာလောက် မကောင်းသေးလို့ (၁) အလှူငွေထည့်တဲ့သူအတွက်လည်း အဆင်ပြေအောင် (၂) အလှူငွေလက်ခံတဲ့အဖွဲ့အတွက်လည်းအဆင်ပြေအောင် (၃) ကျောင်းသား၊ကျောင်းသူတွေကို ပညာသင်စရိတ်ထောက်ပန့်မှုကိုတွက်ချက်တာဝန်ယူရသည့်အဖွဲ့အတွက်လည်း အဆင်ပြေအောင် စသည့်အချက်တွေကြောင့် လှူတမ်းသည့်ငွေ အနည်း၊ အများကို ထည့်မတွက်ဘဲ အလှူငွေ ထိန်းသိမ်း ဆောက်ရှောက်သည့်အဖွဲ့ အနေဖြင့် လက်ခံ ဆောင်ရွက်မှသာ ပိုမိုကောင်းမွန်းမယ်လို့ စဉ်းစားမိလို့ပါ။

ခိုင်မြဲ အကြံပေးသလိုပဲ…

ပထမအဆင့် မတည်ငွေစုခြင်း

(စလုံးမှာ မတည်ငွေစုပြီးပါပြီ ထည့်ဝင်လိုသည့် အလှူရှင်များလည်း ထည့်ဝင် လှူတန်းနိုင်ပါတယ်။)

ဒုတိယအဆင့် လစဉ်ကြေးစုခြင်း

(စလုံးမှာရော ရွှေပြည်မှာပါ ထည့်ဝင်လှူတန်းနေပါပြီး နောက်ထပ် အလှူရှင်များကိုလည်း လေးစားစွာ ဖိတ်ခေါ်အပ်ပါတယ်။ အလှူငွေ ပမာဏတစ်ခု သတ်မှတ်တာကတော့ အလှူရှင်များအားလုံး ဝိုင်းဝန်းကြိုးစားကြတာပေါ့။ အသင်းဝင် သတ်မှတ်ခြင်းကိုတော့ အလှူရှင်အားလုံး ဆန္ဒအတိုင်းပါပဲ။)

တတယအဆင့် ကြေငြာမောင်းခတ်ခြင်း

SSP မှာ ကြေငြာထားပြီးသားပါ။ ထပ်ပြီးကြေငြာပါအုန်းမယ်။ SSP မှ ပညာသင်ဆုရ ကျောင်းသား၊ ကျောင်းသူများ ယခုအင်္ဂျင်နီယာများ ဖြစ်နေကြပါပြီ။ ဆေးကျောင်း၊ နည်းပညာကျောင်းများတွင်လည်း ဆက်လက်ပညာသင်ကြားနေကြပါပြီ။ အခက်အခဲဖြစ်နေသော ကျောင်းသား၊ကျောင်သူများကို လည်း Email: admin@seitmeeain.net သို့ လျှောက်ထားနိုင်ပါကြောင်း ထပ်ဆင့် ကြေငြာမောင်းခတ်ပါသည် ခင်ဗျားးးးးးး

နှိုးဆော်ခြင်း။ ။ မြန်မာပြည်၏အသက်သွေးကြောဖြစ်သော ဧရာဝတီ ဟာ သေးငယ်သော မိုးစက်မိုးပေါက်ကလေးများဖြင့် ပေါင်းစပ် ဖွဲ့စည်းဖြစ်ပေါ်လာသလို SSP ကိုလည်း နည်းပါးသော အလှူငွေများဖြင့် ပေါင်းစပ် ဖွဲ့စည်းကြပါစို့………………..

No comments: